Saturday, April 27, 2013

ဒီမိုကရေစီစနစ်မှာ အစိုးရရဲ့သည်းခံနိုင်မှုရေချိန် (Tolerance level)



ဒီမိုကရေစီစနစ်မှာ အစိုးရရဲ့သည်းခံနိုင်မှုရေချိန် (Tolerance level) များရင်များသလောက် ပြည်သူတွေရဲ့ဘဝတွေသာယာမှု ရှိကြတယ်။

စာနယ်ဇင်းတွေ၊ သတင်းစာတွေရဲ့အလုပ်ဟာ အစိုးရဖြစ်ဖြစ်၊ အတိုက်အခံဖြစ်ဖြစ် မှားနေရင် ထောက်ပြဝေဖန်ရဲရတယ်၊ အစိုးရညိုညင်မှာစိုးလို့ ပြည်သူကို ဖွင့်မရေးဘူးဆိုရင် ဒါဟာ ပြည်သူ့အပေါ်သစ္စာဖေါက်တာပဲတစ်ဖက်မှာလည်း သတင်းက မှန်ဖို့လိုတယ်၊ အတင်းမဖြစ်ရဘူး၊ ဒီစည်းကိုတော့ စောင့်ရမယ်။ အစိုးရနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေကလည်း မှားနေတာ ထောက်ပြရင် လက်ခံနိုင်ရမယ်၊ အညှိုးအတေးထားတာမျိုး မဖြစ်စေရဘူး။ ဒီမိုကရေစီစံနစ်မှာအစိုးရရဲ့သည်းခံနိုင်မှုရေချိန် (Tolerance level) များရင်များသလောက် ပြည်သူတွေရဲ့ဘဝတွေ သာယာမှု ရှိကြတယ်။

အာဏာရှင်နိုင်ငံတွေမှာ သည်းခံနိုင်မှုရေချိန်အလွန်နိမ့်တဲ့အတွက် ပြည်သူတွေဟာ အကြောက်တရားအောက်မှာ ဝပ်နေကြရတယ်။

ဒါကြောင့်မီဒီယာလွတ်လပ်ခွင်ရှိဖို့လိုသလိုမီဒီယာကသတင်းမှန်အောင်လဲ ကြိုးစားအားထုတ်ရမယ် နောက်ပြီးမှားနေတာကို ထုတ်ဖေါ်တင်ပြတာကို တိုက်ခိုက်တယ်လို့ယူဆတာဟာလဲ မမှန်ဘူး။ အစိုးရအဆက်ဆက် မီဒီယာကို ထိန်းချုပ်ထားပြီး အစိုးရလုပ်သမျှ မှန်ပါ့ဘုရား လုပ်နေတဲ့အနားပြာတွေကြောင့် တိုင်းပြည်ငါးပါးမှောက်ခဲ့ရတာကိုလည်း မမေ့နဲ့၊ ဘယ်သူ့မျက်နှာမှမကြည့်ဘဲ ပြည်သူကိုအမှန်အတိုင်း တင်ပြတဲ့မီဒီယာကို ထောက်ခံတယ်။ ဘယ်မီဒီယာဖြစ်ဖြစ်ပေါ့

ထွန်းအောင်ကျော်
၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်။

Tuesday, April 23, 2013

တပ်ပေါင်းစုများကို လေ့လာခြင်း


တပ်ပေါင်းစုများကိုလေ့လာခြင်း

ရှင်းလင်းတင်ပြခြင်း

စာဖတ်သူများခင်ဗျား။

ကျွန်တော့် တပ်ပေါင်းစုများကိုလေ့လာခြင်းဆောင်းပါးတွင် NDF နှင့်ပတ်သက်၍ အချက်အလက်ချို့ကို NCUB ဝက်ဘ်ဆိုက်မှ ယူခဲ့သည့်အတွက် နောက်ပိုင်းတွင် သမိုင်းအချက်အလက်များ မှားယွင်းနေကြောင်း တွေ့ရပါသည်။ ထို့ကြောင့် ထိုမှားယွင်းနေသည့်အချက်အလက်များကို ပြင်ဆင်ဖြည့်စွက်တင်ပြလိုက်ပါသည်။ ကျွန်တော့်ချို့ယွင်းချက်ကို ခွင့်လွှတ်ပါရန် မေတ္တရပ်ခံအပ်ပါသည်။


Wednesday, April 17, 2013

မြန်မာမိန်းကလေးများနင့် တရုတ်နိုင်ငံ၏လိုအပ်ချက်

စက်တင်ဘာလ ၅ ရက်နေ့ထုတ် ယူကေမှ Telegraph (တယ်လီဂရပ်) အွန်လိုင်းသတင်းစာက “မြန်မာ မိန်းကလေးများအား တရုတ်သတို့သမီးများအဖြစ် အတင်းအကြပ်စေခိုင်းခံရခြင်း” (Burma’s women forced to be Chinese Brides) အမည်နှင့် သတင်းဆောင်းပါးတစ်ပုဒ်ကို ရွှေလီမြို့မှနေ၍ ဒေးဗစ်အီမာ (David Eimer) ဆိုသူ ရေးသားလိုက်သည့် သတင်းကို ဖတ်ရှုလိုက်ရပါသည်။

သူ့ဆောင်းပါး အတိုချုပ်ကို ကောက်ရလျှင် တရုတ်ပြည်ကြီး၏ “ကလေးတစ်ယောက်ပေါ်လစီ အရ တရုတ် မိသားစုများ ကလေးတစ်ယောက် ရပြီးလျှင် ဆရာဝန်က အလိုအလျောက် သားကြောလိုက်သဖြင့် တရုတ်မိသားစုများ မိန်းကလေးထက် ယောက်ျားလေးကိုသာ ရအောင် ကြိုးစားယူကြသဖြင့် ယောက်ျား ဦးရေနှင့် မိန်းမဦးရေ အချိုးအစားကွာဟမှု ဖြစ်လာခဲ့သည်။ ခန့်မှန်းချေအရ ယောက်ျားလေး ၁၂၀ ဖွားမြင်တိုင်း မိန်းခလေး ၁၀၀ ခန့်သာ ဖွားမြင်သည့်အတွက် တရုတ်လူမှုရေးသိပ္ပံ အကယ်ဒမီမှ ထုတ်ပြန်သည့် ခန့်မှန်းချက်အရ ၂၀၂၀ ခုနှစ်တွင် တရုတ်ယောက်ျား ၂၄ သန်းတို့အတွက် လက်ထပ်ယူနိုင်မည့် မယားမရှိဟူ၍ ဖြစ်သည်။

Sunday, April 14, 2013

တိရ စ္ဆာန်ရုံကို မသွားချင်တော့ဘူး။

အပိုင်း (၁)

 

နိဒါန်း။ ။

ကျွန်တော်၏ကိုယ်တွေ့ခံစားချက်ကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားပြီး“I Do not Want to Go to a  Zoo Any More”ခေါင်းစဉ်ဖြင့် အမေရိကန်နိုင်ငံထုတ် “Yellow Medicine Review” A Journal of Indigenous Literature, Art, and Thought စာစဉ်၏ (Spring) နွေဦးရာသီ ၂၀၀၈ ခုနှစ်၌ ဖေါ်ပြခဲ့ပါသည်။ အင်္ဂလိပ်ဘာသာဖြစ်သဖြင့် မြန်မာပရိသတ်များကြားတွင် လူသိနည်းပါးခဲ့ပါသည်။ ထို့ကြောင့် ၎င်းကိုယ်တွေ့ဖြစ်စဉ်ဆောင်းပါးကို မြန်မာလိုဘာသာပြန်၍ ပိုမိုပြည့်စုံစေရန် အသေးစိတ်အဖြစ်အပျက်အချို့ကိုပါ ဖြည့်စွက်ကာ ဒေါင်းအိုးဝေ စာစောင်အတွက် ရေးသားလိုက်သော်လည်း စာစောင်လိုအပ်ချက်ထက် နှစ်ဆမက ပိုသွားသည့်အတွက် အင်တာနက်မှဖြန့်ရန် ဆုံးဖြတ်လိုက်ပါသည်။ ယခုဆောင်းပါးထက် ပိုမိုပြည့်စုံသော ကိုယ်တွေ့မှတ်တမ်းကို ဇွန်လအရေးအခင်းတွင် ဆက်လက်ရေးသားပါမည်။ ကျွန်တော်တို့ အတွေ့အကြုံများကို နောင်လာနောင်သားများ အတုယူ၍ တိုင်းပြည်အကျိုး ဆထက်တံပိုး ကြိုးစားလုပ်လိုစိတ်များ ဖြစ်ပေါ်လာခဲ့လျှင် ကြိုးစားရေးရကျိုးနပ်ပါသည်။

လေးစားလျက်
ထွန်းအောင်ကျော်
ဇူလိုင်လ () ရက် ၂၀၁၁ ခုနှစ်။

မင်္ဂလာ နှုတ်ခွန်းဆက်။

မင်္ဂလာပါ။

ထွန်းအောင်ကျော်ရဲ့ဘလော့ဂ်က ကြိုဆိုပါတယ်။
လာရောက်ကြည့်ရှုတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ထွန်းအောင်ကျော်