Saturday, October 31, 2015

တရားဥပဒေစိုးမိုးရေးနဲ့ တရားစီရင်ရေးဘယ်လိုပျက်စီးသွားသလဲ။

မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးကို တွင်တွင်ပြော ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရဘူးလို့ ပြောနေကြပေမဲ့ တရားဥပဒေ စိုးမိုးရေးလည်း မရှိ ဥပဒေအထက်မှာလည်း ရှိသူတွေက ဆက်ရှိနေတာပဲါ။ ဒီလိုဖြစ်နေတာဟာ ဘာကြောင့်လဲလို့လေ့လာကြည့်ရင် မြန်မာပြည်ရဲ့ တရားစီရင်ရေးယန္တရားဟာ လုံးဝပျက်စီးနေတာကြောင့် ဆိုတာကို တွေ့ရမှာပါ။ တရားစီရင်ရေးဌာနဟာ လွတ်လပ်စွာ တရားစီရင်နိုင်ခွင့် မရှိဘဲ အုပ်ချုပ်သူ အလိုကျ အပြစ်ရှိရှိ မရှိရှိ အုပ်ချုပ်သူ အစိုးရက ထောင်ချဆိုရင် တရားသူကြီးက ချလိုက်သလို အပြစ်ရှိလဲ လွှတ်ဆိုရင် မျက်စိမှိတ် လွှတ်လိုက် တာပါ ဒီအတွက်လည်း ဒီလိုစီရင်ချက်ချလိုက်တဲ့ တရားသူကြီးတွေအနေနဲ့ တရားဥပဒေနဲ့မညီဘဲ မတရားစီရင်ချက် ချလိုက်ပေမဲ့ သူတို့ကို ခံရသူက ဘာမှ ပြန်မပြောနိုင်သလို တရားခံရှေ့နေကလည်း ဘယ်လိုမှ ဥပဒေ ကျိုးကြောင်းပြပြီး ကန့်ကွက်လို့ မရဘူး အယူခံတက်ရင်လည်း ရှုံးတဲာ။ တရားသူကြီးတွေအတွက် ပြဿနာတက်နိုင်တာ တစ်ခဲုရှိတယ် အဲဒါကတော့ အစိုးရအာဏာပိုင်အဖွဲ့ကနေ ထောင်ဘယ်လောက်ချလိုက်၊ ကွင်းလုံးကျွတ် လွှတ်လိုက်ဆိုတာမျိုးကို မလိုက်နာရင် အလုပ်ပြုတ် နယ်ပို့ခံရနိုင်တာပါပဲ။