Saturday, October 31, 2015

တရားဥပဒေစိုးမိုးရေးနဲ့ တရားစီရင်ရေးဘယ်လိုပျက်စီးသွားသလဲ။

မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးကို တွင်တွင်ပြော ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရဘူးလို့ ပြောနေကြပေမဲ့ တရားဥပဒေ စိုးမိုးရေးလည်း မရှိ ဥပဒေအထက်မှာလည်း ရှိသူတွေက ဆက်ရှိနေတာပဲါ။ ဒီလိုဖြစ်နေတာဟာ ဘာကြောင့်လဲလို့လေ့လာကြည့်ရင် မြန်မာပြည်ရဲ့ တရားစီရင်ရေးယန္တရားဟာ လုံးဝပျက်စီးနေတာကြောင့် ဆိုတာကို တွေ့ရမှာပါ။ တရားစီရင်ရေးဌာနဟာ လွတ်လပ်စွာ တရားစီရင်နိုင်ခွင့် မရှိဘဲ အုပ်ချုပ်သူ အလိုကျ အပြစ်ရှိရှိ မရှိရှိ အုပ်ချုပ်သူ အစိုးရက ထောင်ချဆိုရင် တရားသူကြီးက ချလိုက်သလို အပြစ်ရှိလဲ လွှတ်ဆိုရင် မျက်စိမှိတ် လွှတ်လိုက် တာပါ ဒီအတွက်လည်း ဒီလိုစီရင်ချက်ချလိုက်တဲ့ တရားသူကြီးတွေအနေနဲ့ တရားဥပဒေနဲ့မညီဘဲ မတရားစီရင်ချက် ချလိုက်ပေမဲ့ သူတို့ကို ခံရသူက ဘာမှ ပြန်မပြောနိုင်သလို တရားခံရှေ့နေကလည်း ဘယ်လိုမှ ဥပဒေ ကျိုးကြောင်းပြပြီး ကန့်ကွက်လို့ မရဘူး အယူခံတက်ရင်လည်း ရှုံးတဲာ။ တရားသူကြီးတွေအတွက် ပြဿနာတက်နိုင်တာ တစ်ခဲုရှိတယ် အဲဒါကတော့ အစိုးရအာဏာပိုင်အဖွဲ့ကနေ ထောင်ဘယ်လောက်ချလိုက်၊ ကွင်းလုံးကျွတ် လွှတ်လိုက်ဆိုတာမျိုးကို မလိုက်နာရင် အလုပ်ပြုတ် နယ်ပို့ခံရနိုင်တာပါပဲ။

တရားဥပဒေကို ချိုးဖေါက်သူများကို ဖမ်းဆီးအရေးယူပေးရတဲ့ ရဲတွေဟာလည်း ပြည်သူ့ရဲလို့သာ အမည်ခံထားပေမဲ့ ပြည်သူတို့ကို ကာကွယ်ပေးဖို့ထက် အုပ်ချုပ်သူတွေကို ကာကွယ်ပေး၊ အုပ်ချုပ်သူတွေက ဖမ်းခိုင်းတဲ့သူတွေကို ပုဒ်မမျိုးစုံတပ်ပြီးဖမ်း၊ ဆန္ဒပြသူတွေကို နယ်မြေကျော်မှုတွေနဲ့ နယ်မြေငါးခု ဖြတ်ရင် နယ်မြေအသီးသီးက ပုဒ်မ ၁၉ () တွေတပ်ပြီး တရားစွဲ၊ နောက်တရားသူကြီးတွေက ဒီစွဲချက်အားလုံးကို တပေါင်းတည်း မပေးဘဲ သီးခြားထောင်တွေချပြီး အစိုးရကို ဆန့်ကျင်မှု မှန်သမျှကို သက်ညှာမှု မပေးဘဲ ပြင်းထန်တဲ့ အပြစ်တွေပေးနဲ့ တရားဥပဒေစိုးမိုးရေးတွေ ကွယ်ပျောက်နေပြီး  အလွန်အကျွံ မတရား ဖိနှိပ်မှုတွေကို လုပ်တဲ့ မတရားစီရင်ရေးဌာနတွေအဖြစ် အသွင်ပြောင်းလဲ နေတာကိုတွေ့ရမှာပါ။

စစ်အာဏာရှင်စနစ်ဟာ တရားရုံးတွေ၊ ရာဇဝတ်မှုနှိမ်နင်းတဲ့ ရဲတပ်ဖွဲ့တွေကို ရေးဆွဲထားတဲ့ တရားဥပဒေ ဆိုတာတွေကို ဘေးချိတ်ထားပြီး သူတို့အကျိုးအတွက် သူတို့လိုသမျှ ခိုင်းသမျှ လိုက်လုပ်ရတဲ့ ဖိနှိပ်မှုယန္တရား အဖြစ်နဲ့သာ သုံးစွဲခဲ့တာကြောင့် ဒီနေ့ခေတ်ပြောင်းတယ်လို့ ဘယ်လို ပြောပြော ဒီကျင့်စဉ်ကြီးက မပြောင်းလဲ ဘဲရှိနေပြီး ဒီကျင့်စဉ်အောက်မှာရှိတဲ့ သူတွေကလည်း အကျင့်ပါ ခေါက်ရိုးကျိုးနေတဲ့ အပြုအမူအတိုင်း လုပ်နေတာတွေ့ရမှာပါ။ လက်ရှိ အခြေခံဥပဒေအရ ပြည်ထဲရေးဝန်ကြီးကို သမ္မက ခန့်ပိုင်ခွင့် မရှိဘဲ ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ရတော့ တပ်မတော်ခေါင်းဆောင်တွေဟာ အရပ်သား အုပ်ချုပ်ရေးမှာပါ လုံးဝ ချုပ်ကိုင်ထားတဲ့အတွက် လွတ်လပ်တဲ့အရပ်သား အုပ်ချုပ်ရေးဆိုတာ လက်ရှိ အခြေခံဥပဒေအောက်မှာ မရှိနိုင်ပါဘူး။ အတိတ်က စစ်အာဏာရှင်စနစ်ရဲ့ဆိုးဝါးမှုဒဏ်ကို ခံခဲ့ရ၊ ခံနေရဲသူများအကြောင်းကို မျှဝေလိုပါတယ်

() ငယ်သူငယ်ချင်း၏ ခါးသီးသောအတွေ့အကြုံတခု

ကျွန်တော့်ရဲ့ငယ်သူငယ်ချင်း ညွန့်အေးအကြောင်း ပြောရရင် ၁၀ တန်းကျောင်းသားဘဝမှာ ညွန့်အေးက ဗမာစာအသင်း အတွင်းရေးမှူး၊ ကိုယ့်ထက် အတန်းငယ်တဲ့သူတွေကို နှုတ်ဆက်တဲ့ ဗိလပ်ပြန်ကပွဲမှာ သူက ဒါရိုက်တာကြီးပေါ့၊ ဗိလပ်ပြန် မောင်သောင်းဖေအဖြစ် အေးသွင်က သရုပ်ဆောင်ပြီး သူ့ရဲ့အဖေ ဦးရာကျော်နေရာက ကျွန်တော်က သရုပ်ဆောင်ရတယ်။ ညွန့်အေးက ပြဇာတ်အဖွင့်မှာ ညီငယ်၊ ညီမငယ်တို့ကို အကိုကြီးတွေက နှုတ်ဆက်တဲ့ပွဲလို့ စကားတက်ပြောတယ်။ ကျွန်တော်တို့တသိုက်က အဲဒီအချိန်ထဲက စင်ပေါ်တက် ပြောရတာကို အကြောက်အလန့် မရှိကြဘူး နောက် ၁၀ တန်း အောင်စာရင်းထွက်တော့ ညွန့်အေးတစ်ယောက် စာမေးပွဲကျပြီး သူနှုတ်ဆက်ခဲ့တဲ့ ညီငယ်၊ ညီမငယ်တွေနဲ့ ကျောင်းပြန်တက်ရတယ်။
ကျွန်တော်တောခိုသွားတော့ ညွန့်အေးတယောက် သုံးဘီးမောင်းရာကနေ အိမ်အရောင်းအဝယ်လုပ်၊ နောက်ပိုင်းကာရာအိုကေဆိုင်ဖွင့်နဲ့ လုံးချာလိုက်နေခဲ့တယ်။ သူ့ကာရာအိုကေဆိုင်ဟာ အတော်ရောင်းကောင်းတယ်။ ရန်ကုန်မှာစပြီး ဖွင့်တဲ့ဆိုင်တွေထဲမှာ သူ့ဆိုင်လည်း ပါခဲ့တယ်။ သူ့ဆိုင်က အရက်၊ ဘီယာ ရောင်းကောင်းတော့ စီးပွားဖြစ်လာတယ်။ တနေ့မှာ သူ့ဆိုင်ကို ဗိုလ်မှူးကြီးတစ်ယောက် ပေါက်ချလာတယ်။ သူထုတ်တဲ့ ဘီယာပုလင်းတွေကို ဝယ်ဖို့ပြောတယ်၊ ညွန့်အေးက မဝယ်နိုင်ဘူး သူ့မှာ ဖေါက်သယ်ရှိပြီးသားလို့ ပြောတဲ့အတွက် ဗိုလ်မှူးကြီးအမိန့်နဲ့ ဘာအပြစ်မှမရှိဘဲ သူ့ကိုရဲစခန်းမှာ တစ်ညချုပ်ထားခြင်း ခံရတယ်။ ညွန့်အေး အရမ်းစိတ်နာ သွားတယ်။ တိုင်းပြည်မှာ တရားဥပဒေ မရှိဘူးလို့ ကျွန်တော့်ကို ပြောပြတယ်။ အဲ့ဒီအချိန်က ဗိုလ်မှူးကြီး အဆင့်ရှိတဲ့သူက ရဲဌာနကို ဘယ်သူ့ကို ဖမ်းချုပ်လိုက်စမ်းဟု လက်ညှိုးထိုး အမိန့်ပေးနိုင်တဲ့အာဏာရှိနေရင် အဲ့ဒီဗိုလ်မှူးကြီးထက် အကောင်ပိုကြီးသော ဗိုလ်ချုပ်များဆိုရင် ပြောစရာမလိုတဲ့ အာဏာအလွဲသုံးစားမှုတွေကို ပြုလုပ်နိုင်မယ်လို့ ခန့်မှန်းနိုင်ပါတယ်။
မြန်မာပြည်ကို ၂၀၁၄ ခုနှစ် လပိုင်းသွားလည်တော့ ညွန့်အေး ပုံနှိပ်စက်လုပ်ငန်း ပြောင်းလုပ်နေပြီး ကင်ဆာရောဂါ ခံစားနေရကြောင်း သိရတယ်။ ပိန်ချုံးနေတဲ့ကြားက ကျွန်တော့်လက်ကို တင်းတင်းဆုပ်ထားတယ်။ သူ့မျက်လုံးတွေက သူငယ်ချင်းကို တွေ့ရလို့ ဝမ်းသာမှုတွေနဲ့ ရွှမ်းလက်တောက်ပနေတယ်။ သူငယ်ချင်း ညွန့်အေးလက်ကို တင်းတင်း ဆုပ်ထားလိုက်မိတယ်။မင်းအခုလိုငါ့ကို လာတွေ့တာ အရမ်းဝမ်းသာတယ် သူငယ်ချင်းလို့ သူကပြောတယ်။ နောက်တစ်ခေါက်လာရင် သူရှိချင်မှ ရှိတော့မယ်လို့ သူ့လက်ကို အကြာကြီး ကိုင်ထားမိတယ်။ သူ့ကို နှုတ်ဆက်တော့ သူ့ရဲ့အားငယ်ပြီး ကျန်ခဲ့တဲ့ပုံရိပ်က မျက်စိထဲက မထွက်ဘူး။ အခုတော့ ချစ်သူငယ်ချင်း ကိုညွန့်အေးတစ်ယောက် အင်္ဂါနေ့ ၂၀၁၅ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က ဆုံးသွားပြီလို့ ပီတာနဲ့ သိန်းဇော်တို့က လှမ်း အကြောင်းကြားလာတယ်။ ရင်ထဲမှာ ဟာသွားတယ် သူသေတော့မှာသိနေပေမဲ့ တကယ်ဆုံးသွားပြီ ကြားတော့ နှမြောမိတယ်။

() နအဖ စစ်အစိုးရလက်ထက် စီမံချက်တွေနဲ့ ထောင်ချခဲ့တဲ့အမှုများနဲ့ စစ်ခုံရုံးများဖြင့် တပ်မတော်သားများကို တဖက်သတ် အပြစ်ပေး ခဲ့သည့် အမှုများ

စစ်အစိုးရလက်ထက်မှာ စီမံချက်နဲ့ စီးပွားရေးအရ ရောင်းမှားဝယ်မှားဖြစ်လို့ ထောင်ဒဏ် နှစ်ပေါင်းများစွာ အဆမတန်ကျခံနေရတဲ့ သူများလည်း ရှိပါတယ်။ ဥပမာအားဖြင့် သန့်ဇင်ဦး (လက်ရှိ အကျဉ်းသားအမှတ် ၀၆၉၄၇/၀၇ သာယာဝတီထောင်) နှင့် မိဘများဟာ သာယာဝတီခရိုင် သုံးဆယ်မြို့က ဖြစ်ပြီး ကျွန်တော်တို့ ဘိုး ဘွား ဖခင်တို့နဲ့ အိမ်ချင်းကပ်နေထိုင်ကြတဲ့ အတွင်းသိ အစင်းသိများ ဖြစ်ပါတယ်။ မိဘမျိုးရိုးအရ ချမ်းသာကြွယ်ဝတဲ့ ဗမာကရင်များ ဖြစ်ပါတယ်။ သမာအာဇီဝ လုပ်ကိုင်ကြတဲ့ ကုန်သည်မျိုးရိုး ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ် ဆူနာမီလှိုင်း ဂယက်ကြောင့် ပဲဈေး အဆမတန် မြင့်တက်ခဲ့ပြီး ပဲကုန်သည် အများအပြား ယူငွေနဲ့ ပဲပြန်ဝယ်ငွေ မလိုက်နိုင်ဘဲ ဒေဝါလီခံခဲ့ရသူတွေထဲမှာ သန့်ဇင်ဦးလည်း ပါဝင်ခဲ့ပါတယ်။ ရိုးသားသူဖြစ်တဲ့အတိုင်း မိဘပိုင်းအိမ်ခြံတွေကို ရောင်းချပြီး ဒေါ်လာသန်းနဲ့ချီပေးဆပ်တာတောင်မှ ကျေနိုင်ဘဲ ငွေကြိုပေးတဲ့ သူတွေထဲမှ ရောင်းမှား ဝယ်မှားဖြစ်တာကို သဘောပေါက်တဲ့ ကုန်သည် ၂၁ ဦး က တရားမစွဲပေမဲ့ မောင်နုဆိုသူက ဦးဆောင်ပြီး တရားစွဲခဲ့တယ်။ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး စီမံချက်နဲ့ ထောင်ဒဏ် ၉၈ နှစ် အမိန့်ချမှတ်ခြင်းခံခဲ့ရ တယ်။ သမ္မတက ၃၀ နှစ် လျော့ချပေးခဲ့ပေမဲ့ အဲ့ဒီအပြစ်ဒဏ်ကလည်း များလွန်း နေပါ သေးတယ်။ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးဟာရက်စက်ကြမ်းကြုတ်သူအဖြစ်နာမည်ဆိုးတွင်ခဲ့ပါတယ်။
သန့်ဇင်ဦးနဲ့ အလားတူ အမှုဖြစ်ခဲ့တဲ့ သုံးဆယ်မြို့နေ ကုန်သည် ဦးခင်မြင့်နဲ့ ဦးအဟုတ်တို့က လျော်ပေးရမဲ့ ငွေကြေး ပိုမို များပြားတဲ့ အပြင် မြီရှင်တွေကိုလည်း လျော်ကြေးမပေးဘဲ နေခဲ့ပြီး ရုံးချိန်းများနဲ့ အမှုကို လာဘ်ပေးပြီး ဆွဲထားနိုင်ခဲ့တဲ့အတွက် သန့်ဇင်ဦး ထောင်ကျချိန်မှာ အချုပ်သားဘဝမှာ ရှိနေခဲ့ပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်သွားခဲ့ကာ စင်္ကာပူနိုင်ငံကို ချက်ချင်းထွက်ခွာ သွားခဲ့တယ်။ သူတို့လောက် ငွေကြေးမများတဲ့ ပုဒ်မတူ၊ အမှုတူညီတဲ့ သန့်ဇင်ဦးမှာတော့ ဒီနေ့အချိန်အထိ ထောင်ကျခံနေရ ဖြစ်နေတာဟာ အမှုချင်း အတူတူ ပိုမိုအပြစ်ကြီးနိုင်သူက လွတ်ပြီး မိမိတတ်နိုင်သလောက် လက်ငုတ်လက်ရင်းပါမကျန် ရောင်းချပြီး ပေးဆပ်တဲ့သူက ထောင်ကျနေတာဟာ ဒီစနစ်ဟောင်းရဲ့မတရားစီရင်ရေးကြောင့်ဖြစ်တာ ထင်ရှားစေပါတယ်။
ဗိုလ်မှူးဝင်းနိုင်ကျော်ကိုအီလက်ထရောနစ်ဥပဒေနဲ့အစိုးရလှို့ဝှက်ချက်ပေါက်ကြားမှုနဲ့ ၂၀၀၉ ခုဇူလိုင်မှာ ဖမ်းဆီးခံရပြီး သက်သေ မခိုင်လုံသော်လည်း ၂၀၁၀ ဇန်န၀ါရီလမှာ သေဒဏ်ချမှတ်ခံခဲ့ရသူ ဖြစ်တယ်။ကိုသန့်ဇင်ဦးကဲ့သို့ လွတ်ငြိမ်းချမ်းသာခွင့် ကြိမ်ကြုံခဲ့ပြီး တစ်ကြိမ်သာ ခံစားခွင့်ရခဲ့လို့ များစွာနစ်နာနေသူလည်း ဖြစ်တယ်။ သန့်ဇင်ဦးကို စီမံချက်နဲ့ အလွန်အကျွံထောင်ချခံရသူတွေရှိနေသလို  ဗိုလ်မှူးဝင်းနိုင်ကျော်၊ ဗိုလ်ကြီးနေလင်းဒွေးတို့လို စစ်ခုံရုံးကနေ အညှိုးနဲ့ချခံရသူတွေလည်း ရှိနေပါတယ်။ အီလက်ထရွန်နစ်ဥပဒေကို ကင်းလွတ်ခွင့်ပြုလိုက်ပေမဲ့ ဗိုလ်မှူးဝင်းနိုင်ကျော်တို့အနေနဲ့ ခံစားခွင့်မရရှိခဲ့ပါဘူး။ သူတို့လိုလူတွေကို လက်ရှိအစိုးရက မလွှတ်ရဲပေမယ့် လူသတ်မှုကို ကျူးလွန်သူ ရာဇဝင်လူဆိုးများကိုမူ နှစ်ခါပြန် လွတ်ငြိမ်းချမ်းသာခွင့်ပေး၍ လွှတ်ပေးသဖြင့် ပြည်သူ့ရဲတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးသည်အထိ ဖြစ်ပျက်ခဲ့ပါတယ်။ သာမန်အချိန်တွင် ထောင်ဒဏ် နှစ်လောက်သာ ကျနိုင်တဲ့ သန့်ဇင်ဦးကို စီမံချက်နဲ့မတရား ထောင်ဒဏ် ၉၈ နှစ် အံ့မခန်း ချမှတ်ခဲ့ပြီးနောက် နှစ် ၃၀ သို့ လျော့ပေါ့ပေးလိုက်တာဟာ မလုံလောက်ပါဘူး စစ်အစိုးရလက်ထက် မတရားပြစ်ဒဏ်များ အလွန်အကျွံ ချမှတ်ခဲ့ခြင်းများကို လက်ရှိအစိုးရမှ ပြန်လည် စိစစ် တည့်မတ်ပေးရမဲ့ တာဝန်ရှိပါတယ် ဒါမှသာ အမှန်တရားကို ပုလုပ်ရဲတဲ့ အစိုးရ တရားဥပဒေကို လေးစားလိုက်နာတဲ့ အစိုးရဖြစ်လာမှာပါ။

() ဗဟန်းမြို့နယ် ဗိုလ်ချို () ရပ်ကွက် အင်ကြင်းမြိုင် အိမ်ယာစီမံကိန်းမြေနေရာ

ပြည်ထောင်စုလွှတ်တော်မှလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းပေးခဲ့ပါတယ်။ ဒီကော်မရှင်ရဲ့ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ () ရက်နေ့စွဲပါ အစီရင်ခံစာ အပိုင်း() မှာ လယ်ယာတွေ၊ အိမ်ယာတွေ သိမ်းဆည်းမှုနဲ့ ပတ်သက်နေတဲ့ကိစ္စတွေထဲက မတရားခံရသူများနဲ့ ပတ်သက်တာတွေကို ဒီအစီရင်ခံစာ ထဲမှာ ဖော်ပြခဲ့ပါတယ်။ အဓိကထင်ရှားတဲ့အကြောင်းအရာတချို့ကိုသာ စာဖတ်သူများ သဘောပေါက်အောင် တင်ပြသွားပါ့မယ်။
ဗဟန်းမြို့နယ် ဗိုလ်ချို () ရပ်ကွက် အင်ကြင်းမြိုင်အိမ်ယာစီမံကိန်း မြေနေရာအား ၁၉၉၅ ခုနှစ်တွင် မြို့၊ ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီး ဌာနမှ ကျူးကျော်မြေအဖြစ် သိမ်းဆည်းခဲ့ပါသည်။ ထိုသိမ်းဆည်းမြေထဲတွင် ဗိုလ်ချို () ရပ်ကွက်၊ အမှတ် (၂၇) တာဝါလိမ်းလမ်း မြေတိုင်းရပ်ကွက် ( D) မြေကွက်အမှတ် (၄၇၂) C () နှင့် ၄၇၂၊ Q- () မြေ (.၄၃၁) ဧကရှိ နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးဘဆွေ၏ ဇနီးဖြစ်သူဒေါ်နုနုဆွေ ပိုင်ဆိုင်ကြောင်းနှင့် နိုင်ငံတော်အေးချမ်းသာယာရေးကော်မတီ အတွင်းရေးမှူး () အထိ အကြိမ်ကြိမ် ပြန်လည်ပေးရန် တောင်းဆိုသော်လည်း မရရှိခဲ့ကြောင်း။ ဖြစ်စဉ်မှာ တရားဝင် ပိုင်ဆိုင်ထားသော မြေကို ကျူးကျော်သူ များနှင့် ရောနှောသိမ်းဆည်းခဲ့ကြောင်း တွေ့ရှိရပါသည်ဟု အစီရင်ခံစာတွင် ရေးသားထားခဲ့ပါသည်။ ထို့ပြင် အစီရင်ခံစာတွင် ဦးမြသွင်၊ ဒေါ်ပြုံးပြုံးစိန် မောင်နှမပိုင် မြေ (.၈၇၈) ဧကရှိသည့် အမှတ် မြေကွက်၊ ဒေါ်တင်ဥ (ပါ) ၁၁ ဦး ပိုင်ဆိုင်သည့် (.၅၇၅) ဧကနှင့် ဦးသာစိန် (ပါ) () ဦး ပိုင်ဆိုင်သည့်မြေ စုစုပေါင်း (.၄၉၅) ဧကမှာလည်း အလားတူ သိမ်းဆည်း ဖယ်ရှားခံခဲ့ရသည်ဟု ရေးသားထားပါတယ်။ အခင်းဖြစ်မြေကို ကျူးကျော်တဲများ မီးလောင်သည်ကို အကြောင်းပြု၍ မီးလောင်ပြင်နှင့် ရောနှော၍ သိမ်းဆည်း ခဲ့ကြောင်း တွေ့ရှိရပါသည်ဟု တင်ပြထားပါတယ်။ ဆက်လက်ပြီးတော့ အစီရင်ခံစာမှာ အဆိုပါ နစ်နာသူများကို သိမ်းဆည်းခံရသည့် မြေကွက်အတွက် အခြားတနေရာတွင် မြေစားပြန်ပေးခြင်း၊ သို့မဟုတ် ထိုက်သင့်သည့် လျှော်ကြေး နစ်နာကြေးပေးခြင်း သို့မဟုတ် သင့်လျော်သည့်နေအိမ်၊ တိုက်ခန်းအခမဲ့ပေးခြင်းများကို ဆောင်ရွက်သင့်ကြောင်း အကြံပြုပါသည်ဟု ဆိုထားပါတယ်။
လွှတ်တော်က လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုများကြောင့် ပြည်သူများနစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းပေးခဲ့သော်လည်း ထိုကော်မရှင်မှ သူတို့တွေ့ရှိချက်များကို တရားမျှတစွာ လွှတ်တော်သို့ တင်ပြခဲ့ပြီး လွှတ်တော်မှ အစိုးရထံ လိုအပ်သည့် တရားမျှတမှုကို ပြုလုပ်ပေးရန် ပေးပို့ခဲ့သော်လည်း အစိုးရမှ ထိုကော်မတီရဲ့တွေ့ရှိချက် အကြံပြုချက်များကို လျစ်လျူရှု ခဲ့ပါတယ်။ ကြီး
ဒီနေရာမှာ လယ်သမားတွေထံက လယ်ယာမြေတွေသိမ်းတာ ပြန်ပေးဖို့မစဉ်းစားသူများအနေနဲ့ ရန်ကုန်မြို့လယ်ကန်တော်ကြီးနားတွင်ရှိ ဒေါ်လာသန်းချီပေါက်ဈေးရှိနေသော မြေကွက်များကို ဝေစားမျှစား လုပ်ထားပြီးဖြစ်၍ ပြန်ပေးလိမ့်မည်မဟုတ်ချေ။ အထောက်အထား မည်မျှခိုင်လုံပါစေ လွှတ်တော်ကြီးမှ မည်သို့တိုက်တွန်းပါစေ အစိုးရကိုယ်တိုင်က အရေးမစိုက်လျှင် တရားမျှတမှုသည်လည်း ဖြစ်လာ နိုင်ခြေ မရှိလို့ မြင်ပါတယ်။

၁၉၆၄ နောက်ပိုင်းမှာ တိုင်းပြည်တွင်းရှိ အကြီးစားစက်မှုလက်မှုလုပ်ငန်းရှင်များ၊ စက်ရုံအလုပ်ရုံများနဲ့ ကားပစ္စည်းအရောင်းဆိုင်များပါ မကျန် အရင်းရှင်အမည်တပ်ပြီး ပြည်သူပိုင်သိမ်းခဲ့တာ အများအသိပဲ ဖြစ်ပါတယ်။ အဲ့ဒီအတွက် မြန်မာနိုင်ငံမှာ စီးပွားပျက် ကပ်ဆိုက်ခဲ့ ရပါတယ်။
အခုအခါ ပွင့်လင်းတဲ့ ဈေးကွက်စီးပွားရေးစနစ်ကို ဖေါ်ဆောင်နေပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို လက်ယပ်ခေါ်နေချိန်မှာ အရင်က စီးပွားရေးလုပ်ငန်းရှင်များကို ပြန်လည်အားပေးခြင်း၊ မြန်မာတိုင်းရင်းသားစစ်စစ်ဖြစ်ပြီး ခြံမြေ သိမ်းခံထားရတဲ့ စာချုပ်စာတမ်းရှိတဲ့ မူလပိုင်ရှင်တွေကို တရားသဖြင့် သူတို့ခြံမြေတွေကို ပြန်လည်ပေးအပ်ခြင်းအားဖြင့် အရင်က မတရား သိမ်းပိုက်ထားမှုကို အမှန်တရား အတိုင်း ဖြစ်အောင် တည့်မတ်ပေးနိုင်ရင် ကောင်းပါတယ်။ ပြည်တွင်းလုပ်ငန်းရှင်များကို အရင်းရှင်များအဖြစ် မနာလိုစိတ်နဲ့ ပြည်သူပိုင်သိမ်းခဲ့တဲ့ စစ်ဗိုလ်ချုပ်များကိုယ်တိုင် ဒီနေ့ခေတ်မှာ စီးပွားရေးသမားများ၊ ကြီးမားတဲ့ စက်ရုံအိမ်ယာတွေကို ပိုင်ဆိုင်တဲ့ အရင်းရှင်ကြီးတွေ ဖြစ်လာနေတဲ့အချိန်မှာ နစ်နာခဲ့သူတွေကို သူတို့သမာအာဇီဝနဲ့ လုပ်ကိုင် ပိုင်ဆိုင်ခဲ့တဲ့ အဆောက်အအုံတွေ ခြံမြေတွေကို ပြန်လည်ပေးသင့်တယ်လို့ ယုံကြည်ပါတယ်။ ပြဿနာမှာ ပြည်သူပိုင်သိမ်းထားတဲ့ အိမ်ခြံမြေတွေကို မိမိအမွေရသလို အာဏာရှိသူများ အချင်းချင်းပင်းပြီး မူလပိုင်ရှင်ကို ပြန်မပေးဘဲ ခွဲဝေယူခြင်းနဲ့ မိမိအမည်ပေါက်အောင်လုပ်၍ ပြန်လည်ရောင်းချခြင်း အထလုပ်နေကြတဲ့အတွက် ဒီစာကို ရေးဖို့ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
အရင်က စက်မှုလက်မှုလုပ်ငန်းရှင်တွေကို မနာလို မုန်းတီးစိတ်နဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှ အရင်းရှင်တံဆိပ်တပ် မတရား သိမ်းပိုက်ထားတာကို မူလပိုင်ရှင်တွေ မိမိပိုင်ခြံမြေကို ပြန်ဝယ်ယူလိုပါက ဦးစားပေးမယ်လို့ အစိုးရက ထုတ်ပြန်ထားတဲ့အတွက် ပိုင်ရှင်များက မိမိပိုင်မြေကို ပြန်ဝယ်ယူခွင့် (ပြန်တောင်းတာမဟုတ်ဘူး) ကို လျှောက်ထားပေမယ့် မရရှိတာကို အံ့သြစွာ သိရတယ်။ ပြန်ပေးမယ်ဆိုတာဟာ စာရွက်ပေါ်မှာသာဖြစ်ပြီး လက်တွေ့မှာတော့ ပင်းယူထားရန် ကြံရွယ်ထားတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လူသားချင်းစာနာသောစိတ်နဲ့ တရားမျှတစွာ ဆောင်ရွက်ပေးရင် သင့်တော်ပါလိမ့်မယ်။

နိဂုံးအားဖြင့် စစ်အာဏာရှင် လက်ထက် မတရားပြုလုပ်ထားတဲ့ အလွန်အကျွံ ထောင်ချထားတဲ့အမှုများဟာ ထောင်သောင်းမက ရှိနေပါသေးတယ်။ နောက်တောင်သူတွေလယ်သမားတွေရဲ့ လယ်ယာမြေတွေကိုမတရားသိမ်းခံရတာ၊ စီးပွားရေးလုပ်နေသူတွေဆီက မြေတွေ၊ က်ရုံတွေကို မတရားသဖြင့် ဘာလျော်ကြေးမှ မပေးဘဲ ပြည်သူပိုင်သိမ်းခဲ့တာ၊ နောက်လက် သိပ်ထိုးပြီးရောင်းခဲ့တာ၊ အဲ့ဒီအမှုများကို နောင်အစိုးရသစ်လက်ထက်တွင် ပြန်လည်စိစစ်ပြီး တရားမျှတမှု ရှိရန် လုပ်ဆောင်ပေးဖို့ လိုပါလိမ့်မယ်။ ဒီလိုပဲ ခေါက်ရိုးကျိုးနေတဲ့ ပြည်သူ့ရဲများ၊ တရားသူကြီးများကိုလည်း စနစ်ဟောင်း အကျင့်စာရိုက်မှ ပြုပြင်ပညာပေးခြင်း၊ သုံးမရအောင် စာရိတ္တ ပျက်စီးနေသူများကို ထုတ်ပယ်၍ လူသစ် သွေးသစ်တွေနဲ့ အစားထိုးခြင်းကို လုပ်ဆောင်နိုင်မှသာ အတည်ပြုပြဌာန်းထားတဲ့ တရားဥပဒေတွေနဲ့အညီ ပြည်သူတို့ အကျိုးကို ကာကွယ်နိုင်တဲ့ရဲများ၊ ဥပဒေအတိုင်း ဖြောင့်မတ်စွာ တရားစီရင်နိုင်သော တရားသူကြီးများ ပေါ်ထွက်လာနိုင်မှာ ဖြစ်ပါတယ်။ အဓိက တရားရေးဌာနဟာ အုပ်ချုပ်ရေး ယန္တယားနဲ့ လွတ်လပ် ကင်းရှင်းစွာ တရားစီရင်နိုင်ရေးပင် ဖြစ်ပါတယ်။


ထွန်းအောင်ကျော် (၇၄ မျိုးဆက်)

1 comment:

  1. Hi Mr. Htun Aung Gyaw, my name is Min Jung Lee, a fellow at Pacific Forum CSIS. I am interested in Myanmar's democratic transition and currently researching on comparative politics between Myanmar and South Korea; I hope to find some elements of lessons that are applicable for the Myanmar case in order to establish strong democratic principles in Myanmar.

    I hope you are still using this blog; I could not find your contacts so I am writing this comment for you to see. I'd like to talk to you regarding Myanamr's current life including associational life after the election 2015.

    Please response to this comment so that we can share our contacts if you'd like.

    Thank you
    Min

    ReplyDelete