ဒီမိုကရေစီစနစ်မှာ
အစိုးရရဲ့သည်းခံနိုင်မှုရေချိန် (Tolerance level) များရင်များသလောက် ပြည်သူတွေရဲ့ဘဝတွေသာယာမှု
ရှိကြတယ်။
စာနယ်ဇင်းတွေ၊ သတင်းစာတွေရဲ့အလုပ်ဟာ
အစိုးရဖြစ်ဖြစ်၊ အတိုက်အခံဖြစ်ဖြစ် မှားနေရင် ထောက်ပြဝေဖန်ရဲရတယ်၊
အစိုးရညိုညင်မှာစိုးလို့ ပြည်သူကို ဖွင့်မရေးဘူးဆိုရင် ဒါဟာ ပြည်သူ့အပေါ်သစ္စာဖေါက်တာပဲ။
တစ်ဖက်မှာလည်း
သတင်းက
မှန်ဖို့လိုတယ်၊ အတင်းမဖြစ်ရဘူး၊ ဒီစည်းကိုတော့
စောင့်ရမယ်။ အစိုးရနဲ့
အာဏာပိုင်အဖွဲ့အစည်းတွေကလည်း မှားနေတာ ထောက်ပြရင် လက်ခံနိုင်ရမယ်၊
အညှိုးအတေးထားတာမျိုး မဖြစ်စေရဘူး။ ဒီမိုကရေစီစံနစ်မှာအစိုးရရဲ့သည်းခံနိုင်မှုရေချိန်
(Tolerance level) များရင်များသလောက်
ပြည်သူတွေရဲ့ဘဝတွေ သာယာမှု ရှိကြတယ်။
အာဏာရှင်နိုင်ငံတွေမှာ
သည်းခံနိုင်မှုရေချိန်အလွန်နိမ့်တဲ့အတွက်
ပြည်သူတွေဟာ အကြောက်တရားအောက်မှာ ဝပ်နေကြရတယ်။
ဒါကြောင့်မီဒီယာလွတ်လပ်ခွင်ရှိဖို့လိုသလိုမီဒီယာကသတင်းမှန်အောင်လဲ
ကြိုးစားအားထုတ်ရမယ်
နောက်ပြီးမှားနေတာကို ထုတ်ဖေါ်တင်ပြတာကို
တိုက်ခိုက်တယ်လို့ယူဆတာဟာလဲ
မမှန်ဘူး။ အစိုးရအဆက်ဆက် မီဒီယာကို ထိန်းချုပ်ထားပြီး
အစိုးရလုပ်သမျှ
မှန်ပါ့ဘုရား လုပ်နေတဲ့အနားပြာတွေကြောင့်
တိုင်းပြည်ငါးပါးမှောက်ခဲ့ရတာကိုလည်း
မမေ့နဲ့၊
ဘယ်သူ့မျက်နှာမှမကြည့်ဘဲ ပြည်သူကိုအမှန်အတိုင်း တင်ပြတဲ့မီဒီယာကို ထောက်ခံတယ်။ ဘယ်မီဒီယာဖြစ်ဖြစ်ပေါ့။
ထွန်းအောင်ကျော်
၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆
ရက်။